𝐖𝐞𝐛 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 လေ့လာမယ်ဆိုပြီး 𝐇𝐓𝐌𝐋 စရေးကတည်းက ကြားဖူးနေတဲ့ 𝐒𝐭𝐚𝐭𝐢𝐜 နဲ့ 𝐃𝐲𝐧𝐚𝐦𝐢𝐜❗️
𝐖𝐞𝐛 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 ကို လေ့လာနေတဲ့ သူတိုင်းအတွက် သိထားသင့်တဲ့ အချက်တွေကို ကြည့်ရအောင်။ 💡
📖 𝐒𝐭𝐚𝐭𝐢𝐜 𝐖𝐞𝐛𝐬𝐢𝐭𝐞
🔹𝐒𝐭𝐚𝐭𝐢𝐜 𝐖𝐞𝐛𝐬𝐢𝐭𝐞 ဆိုတာ "𝐃𝐢𝐠𝐢𝐭𝐚𝐥 ကြော်ငြာဆိုင်းဘုတ်" လိုပါပဲ။ 𝐂𝐨𝐝𝐞 ထဲမှာ ရေးထားတဲ့အတိုင်း ပြပေးတာပါ။
🔹အသုံးပြုသူ(𝐮𝐬𝐞𝐫𝐬) ဆီက 𝐈𝐧𝐩𝐮𝐭 သွင်းရတာမျိုး မရှိပါဘူး။
🔹လူတိုင်းအတွက် တစ်ပုံစံတည်း 𝐜𝐨𝐧𝐭𝐞𝐧𝐭 (𝐅𝐢𝐱𝐞𝐝 𝐂𝐨𝐧𝐭𝐞𝐧𝐭) တွေကို ပြပေးတာမို့ ကျောင်းပုံနှိပ်စာအုပ်လေးတစ်အုပ်လိုပါပဲ။ ဘယ်သူက ဘယ်နေရာကပဲကြည့်ကြည့် မပြောင်းလဲပဲ မြင်တွေ့ရမှာပါ။
🔹𝐇𝐓𝐌𝐋, 𝐂𝐒𝐒, 𝐉𝐚𝐯𝐚𝐒𝐜𝐫𝐢𝐩𝐭, 𝐓𝐚𝐢𝐥𝐰𝐢𝐧𝐝 𝐂𝐒𝐒 တွေကိုအသုံးပြထားတဲ့ 𝐅𝐫𝐨𝐧𝐭𝐞𝐧𝐝 သီးသန့် 𝐖𝐞𝐛𝐬𝐢𝐭𝐞 တစ်ခုပါ။
🔹𝐖𝐞𝐛𝐬𝐢𝐭𝐞 တစ်ခုလုံးကို ပြင်ချင်ရင် 𝐂𝐨𝐝𝐞 ထဲသွားပြင်ယုံနဲ့ လုံလောက်ပါတယ်။
ဘယ်လိုနေရာတွေမှာ အသုံးပြုသလဲ?
အပြောင်းအလဲ သိပ်မရှိတဲ့ 𝐏𝐨𝐫𝐭𝐟𝐨𝐥𝐢𝐨 တွေ၊ 𝐋𝐚𝐧𝐝𝐢𝐧𝐠 𝐏𝐚𝐠𝐞𝐬 တွေအတွက် အကောင်းဆုံးပါပဲ။
🤖 𝐃𝐲𝐧𝐚𝐦𝐢𝐜 𝐖𝐞𝐛𝐬𝐢𝐭𝐞
🔹𝐃𝐲𝐧𝐚𝐦𝐢𝐜 𝐖𝐞𝐛𝐬𝐢𝐭𝐞 ကတော့ "စားဖိုမှူးရှိတဲ့ စားသောက်ဆိုင်" ပါ။ အသုံးပြုသူ (𝐔𝐬𝐞𝐫) မှာလိုက်တဲ့ (𝐑𝐞𝐪𝐮𝐞𝐬𝐭) အပေါ် မူတည်ပြီး 𝐁𝐚𝐜𝐤𝐞𝐧𝐝 က အချက်အလက်တွေကို ချက်ချင်း ချက်ပြုတ် (𝐏𝐫𝐨𝐜𝐞𝐬𝐬) ပြီး ပြပေးတာပါ။
🔹𝐋𝐨𝐠𝐢𝐧, 𝐒𝐞𝐚𝐫𝐜𝐡, 𝐏𝐨𝐬𝐭, 𝐂𝐨𝐦𝐦𝐞𝐧𝐭 စတဲ့ 𝐈𝐧𝐩𝐮𝐭 ပုံစံမျိုးစုံ လုပ်နိုင်ပါတယ်။
🔹𝐔𝐬𝐞𝐫 တစ်ယောက်ချင်းစီအတွက် သီးသန့် 𝐎𝐮𝐭𝐩𝐮𝐭 (𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥𝐢𝐳𝐞𝐝 𝐂𝐨𝐧𝐭𝐞𝐧𝐭) တွေကို ပြပေးနိုင်ပါတယ်။
ဥပမာ — 𝐅𝐢𝐱 𝐂𝐨𝐧𝐭𝐞𝐧𝐭 မဟုတ်ပဲ 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐖𝐞𝐛𝐬𝐢𝐭𝐞 လိုမျိုး တစ်ယောက်ချင်းစီရဲ့ နေရာနဲ့ စိတ်ဝင်စားမှုပေါ်မှုတည်ပြီး 𝐍𝐞𝐰 𝐅𝐞𝐞𝐝𝐬 မှာ မတူညီတဲ့ 𝐂𝐨𝐧𝐭𝐞𝐧𝐭 တွေကို ပြပေးတာမျိုးပါ။
🔹𝐅𝐫𝐨𝐧𝐭𝐞𝐧𝐝 + 𝐁𝐚𝐜𝐤𝐞𝐧𝐝 (𝐍𝐨𝐝𝐞.𝐣𝐬, 𝐏𝐇𝐏, 𝐏𝐲𝐭𝐡𝐨𝐧) + 𝐃𝐚𝐭𝐚𝐛𝐚𝐬𝐞 စတဲ့ နည်းပညာတွေနဲ့ ရေးထားပြီး အချက်အလက်တွေကို 𝐂𝐨𝐝𝐞 မပြုပြင်ဘဲ ပြင်လို့ရပါတယ်။
🔹𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 လိုမျိုး 𝐒𝐨𝐜𝐢𝐚𝐥 𝐌𝐞𝐝𝐢𝐚၊ 𝐒𝐡𝐨𝐩𝐞𝐞 လိုမျိုး 𝐄-𝐜𝐨𝐦𝐦𝐞𝐫𝐜𝐞 နဲ့ 𝐔𝐬𝐞𝐫 𝐈𝐧𝐭𝐞𝐫𝐚𝐜𝐭𝐢𝐨𝐧 အားကောင်းတဲ့ 𝐏𝐫𝐨𝐣𝐞𝐜𝐭 တွေ။
🔥 𝐖𝐞𝐛 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 ကို လေ့လာနေသူ တစ်ယောက်အနေနဲ့ သိထားသင့်တဲ့ "𝐈𝐧𝐬𝐢𝐝𝐞 𝐓𝐢𝐩𝐬"
𝐒𝐄𝐎 (𝐒𝐞𝐚𝐫𝐜𝐡 𝐄𝐧𝐠𝐢𝐧𝐞 𝐎𝐩𝐭𝐢𝐦𝐢𝐳𝐚𝐭𝐢𝐨𝐧)
𝐒𝐭𝐚𝐭𝐢𝐜 𝐖𝐞𝐛𝐬𝐢𝐭𝐞 တွေက ပေါ့ပါးပြီး 𝐒𝐩𝐞𝐞𝐝 မြန်လို့ 𝐆𝐨𝐨𝐠𝐥𝐞 မှာ 𝐑𝐚𝐧𝐤 တက်ရတာ ပိုလွယ်တတ်ပါတယ်။
𝐒𝐜𝐚𝐥𝐢𝐧𝐠
လူတစ်သောင်း၊ တစ်သိန်း ဝင်လာရင် 𝐒𝐭𝐚𝐭𝐢𝐜 က ခံနိုင်ရည် ပိုရှိပေမဲ့ 𝐃𝐲𝐧𝐚𝐦𝐢𝐜 ကတော့ 𝐒𝐞𝐫𝐯𝐞𝐫 ကောင်းကောင်း (𝐑𝐀𝐌/𝐂𝐏𝐔) လိုအပ်လာပါလိမ့်မယ်။
𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 𝐓𝐢𝐦𝐞
𝐒𝐭𝐚𝐭𝐢𝐜 က တစ်ရက်၊ နှစ်ရက်နဲ့ ပြီးနိုင်ပေမဲ့ 𝐃𝐲𝐧𝐚𝐦𝐢𝐜 ကတော့ 𝐋𝐨𝐠𝐢𝐜 တွေ၊ 𝐃𝐚𝐭𝐚𝐛𝐚𝐬𝐞 တွေ စဉ်းစားရလို့ အချိန်နဲ့ အလုပ် ပိုပေးရပါတယ်။
🤔 ဘယ်လမ်းကြောင်းကို အရင်ရွေးမလဲ?
𝐖𝐞𝐛 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐞𝐫 တစ်ယောက်ဖြစ်ဖို့ 𝐒𝐭𝐚𝐭𝐢𝐜 𝐖𝐞𝐛𝐬𝐢𝐭𝐞 တည်ဆောက်တဲ့ အခြေခံကနေပဲ စတင်သင့်ပါတယ်။ အိမ်တစ်လုံးရဲ့ အုတ်မြစ်ခိုင်မှ (𝐇𝐓𝐌𝐋/𝐂𝐒𝐒 တတ်မှ) အထဲမှာ စက်ရုပ်တွေ၊ ခလုတ်တွေ (𝐃𝐲𝐧𝐚𝐦𝐢𝐜 𝐅𝐞𝐚𝐭𝐮𝐫𝐞𝐬) ကို စိတ်ကြိုက်ထည့်သွင်းလို့ ရမှာပါ! 🚀
𝐍𝐞𝐱𝐭 𝐓𝐨𝐩𝐢𝐜: ရှေ့အပတ်မှာတော့ 𝐖𝐞𝐛 𝐃𝐞𝐯 လောကရဲ့ မရှိမဖြစ် 𝐅𝐫𝐨𝐧𝐭𝐞𝐧𝐝 & 𝐁𝐚𝐜𝐤𝐞𝐧𝐝 အကြောင်းကို အသေးစိတ် ထပ်ပြောပြပေးပါမယ်။
