
Web Design Free (Feb)
သင်တန်းကြေးအခမဲ့နဲ့ ကိုယ့်ကလေးငယ်ရဲ့ အနာဂတ်အတွက် လမ်းစတစ်ခုခုရနိုင်မယ်ဆိုရင် စိတ်၀င်စားကြလား💭
ကိုယ့်ရဲ့ကလေးငယ်က Coding ကို တကယ် ဝါသနာပါမပါစမ်းသင်ကြည့်ဖို့နဲ့ နည်းပညာကိုစိတ်၀င်စားမှုရှိမရှိကို ဒီ 𝗙𝗿𝗲𝗲 𝗖𝗹𝗮𝘀𝘀 လေးကနေ အဖြေရစေမှာပါ✨
အခုဆိုရင် ကမ္ဘာတစ်ဝှမ်းမှာ Coding ပြိုင်ပွဲတွေ အများကြီးရှိလာနေပါပြီ။ သားသားမီးမီးတို့အနေနဲ့ ဒီပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ဆိုရင်အရင်ဆုံး ဘာကိုဝါသနာပါလဲဆိုတာ သိဖို့ လိုအပ်ပါတယ်။ အဲ့ဒါကြောင့် ကလေးတွေရဲ့ စိတ်ပါ၀င်စားမှုကို အခမဲ့ စမ်းသပ်ကြည့်နိုင်အောင် အခုလို 𝗙𝗿𝗲𝗲 𝗖𝗹𝗮𝘀𝘀 ကို စီစဉ်ပေးခြင်းဖြစ်ပါတယ်။
ဒီ 𝗙𝗿𝗲𝗲 𝗖𝗹𝗮𝘀𝘀 မှာ တစ်နေရာတည်းနဲ့ စုံစုံလင်လင် လေ့လာရမှာတွေကတော့ ...
◽ 𝐂𝐨𝐦𝐩𝐮𝐭𝐞𝐫 𝐒𝐜𝐢𝐞𝐧𝐜𝐞 (𝐀𝐠𝐞 𝟕-𝟗𝐲𝐞𝐚𝐫𝐬)
Code.org ဟာဆိုရင် နည်းပညာလောကထဲကို စတင်၀င်ရောက်မဲ့ သားသားမီးမီးတို့အတွက် အခြေခံအကျဆုံး ဘာသာရပ်ဖြစ်ပါတယ်။ ကွန်ပျူတာတစ်လုံး ဘယ်လိုအလုပ်လုပ်လဲဆိုတာကနေ Digital လောကရဲ့ အခြေခံသဘောတရားတွေကို အရွယ်နဲ့ကိုက်ညီအောင် သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
◽ 𝐒𝐜𝐫𝐚𝐭𝐜𝐡 𝐅𝐨𝐫 𝐊𝐢𝐝𝐬 (𝐀𝐠𝐞 𝟖-𝟏𝟑𝐲𝐞𝐚𝐫𝐬)
ကမ္ဘာကျော် MIT တက္ကသိုလ်က ဖန်တီးထားတဲ့ Fun-based Coding တစ်ခုဖြစ်ပါတယ်။ ခက်ခဲတဲ့ စာသားတွေအစား ရောင်စုံ Block တုံးလေးတွေကို ဆက်ရုံနဲ့ Game လေးတွေ၊ Animation လေးတွေကို ဖန်တီးနိုင်မှာဖြစ်လို့ Coding ကို ပျော်ပျော်ရွှင်ရွှင်လေ့လာနိုင်မဲ့ Program ဖြစ်ပါတယ်။
◽ 𝐌𝐨𝐛𝐢𝐥𝐞 𝐀𝐩𝐩 𝐂𝐫𝐞𝐚𝐭𝐢𝐨𝐧(𝐀𝐠𝐞 𝟏𝟎𝐲𝐞𝐚𝐫𝐬 𝐚𝐧𝐝 𝐚𝐛𝐨𝐯𝐞)
ဖုန်းထဲက App တွေကို အသုံးပြုရုံတင်မဟုတ်ဘဲ ကိုယ်တိုင် ဘယ်လိုဖန်တီးမလဲဆိုတာ လေ့လာရမှာပါ။ UI/UX (ရုပ်ပုံဒီဇိုင်း) ကနေစပြီး App တစ်ခုရဲ့ လုပ်ဆောင်ချက်တွေကို လက်တွေ့တည်ဆောက်ရင်း ကလေးတွေရဲ့ တီထွင်ဖန်တီးနိုင်စွမ်းကို မြှင့်တင်ပေးမှာ ဖြစ်ပါတယ်။
◽ 𝟑𝐃 𝐌𝐨𝐝𝐞𝐥𝐢𝐧𝐠 𝐅𝐨𝐫 𝐊𝐢𝐝𝐬(𝐀𝐠𝐞 𝟏𝟎𝐲𝐞𝐚𝐫𝐬 𝐚𝐧𝐝 𝐚𝐛𝐨𝐯𝐞)
ကိုယ့်ရဲ့ စိတ်ကူးထဲက ရုပ်ပုံတွေကို 2D ကနေ 3D အဖြစ် အသက်သွင်းချင်တဲ့ ကလေးတွေအတွက် အသင့်တော်ဆုံးပါ။ ဒီဘာသာရပ်မှာ ပုံစံငယ်တွေ၊ ဇာတ်ကောင်တွေကို 3D စနစ်နဲ့ တည်ဆောက်တတ်အောင် သင်ကြားပေးမှာဖြစ်ပြီး Spatial Thinking ကို အားကောင်းစေပါတယ်။
◽ 𝐏𝐲𝐭𝐡𝐨𝐧 𝐅𝐨𝐫 𝐊𝐢𝐝𝐬 (𝐀𝐠𝐞 𝟏𝟐𝐲𝐞𝐚𝐫𝐬 𝐚𝐧𝐝 𝐚𝐛𝐨𝐯𝐞)
လက်ရှိ ကမ္ဘာပေါ်မှာ အသုံးအများဆုံးနဲ့ အဆင့်မြင့်ဆုံး Programming Language တစ်ခုဖြစ်ပါတယ်။ Coding ရဲ့ Logic တွေကို အဆင့်မြင့်မြင့် လေ့လာချင်တဲ့ သားသားမီးမီးတို့အတွက်ဖြစ်ပြီး Professional ဆန်တဲ့ ဖန်တီးမှုတွေ၊ Data Science နဲ့ AI အခြေခံတွေရဲ့ လမ်းစပဲ ဖြစ်ပါတယ် ။
◽ 𝐖𝐞𝐛 𝐃𝐞𝐬𝐢𝐠𝐧 𝐅𝐨𝐫 𝐊𝐢𝐝𝐬 (𝐀𝐠𝐞 𝟏𝟏 𝐚𝐧𝐝 𝐚𝐛𝐨𝐯𝐞)
နေ့စဉ်ကြည့်နေရတဲ့ Website တွေက ဘယ်လိုတည်ဆောက်ထားတာလဲ? Website တစ်ခုမှာ စာသားတွေ၊ ပုံတွေနဲ့ ခလုတ်လေးတွေက ဘယ်လိုအစီအစဉ်တကျ အလုပ်လုပ်နေတာလဲဆိုတဲ့ နည်းပညာနောက်ကွယ်က လျှို့ဝှက်ချက်တွေကို လေ့လာရမှာပါ။ ကလေးတွေအနေနဲ့ Digital လောကရဲ့ အခြေခံတည်ဆောက်ပုံကို နားလည်သွားမှာဖြစ်ပါတယ်။
☑️𝐏𝐲𝐭𝐡𝐨𝐧 or 𝐖𝐞𝐛 𝐃𝐞𝐬𝐢𝐠𝐧 𝐅𝐨𝐫 𝐊𝐢𝐝𝐬 အတန်းလေးနှစ်ခုကို တက်ရောက်ချင်တဲ့ သားသားမီးမီးလေးတွေကတော့ computer basic ရပြီး typing ကျွမ်းကျင်ထားဖို့တော့ လိုအပ်ပါတယ်နော်။
ဆိုတော့ ဒီ 𝗙𝗿𝗲𝗲 𝗖𝗹𝗮𝘀𝘀 ကနေ ဘာတွေရမလဲ❔
✅ကလေးက ဘယ်ဘာသာရပ်ကို ပိုထူးချွန်လဲဆိုတာ သိခွင့်ရမယ်။ ဒါ့အပြင် အခုလို ပြိုင်ပွဲတွေ ခေတ်စားနေချိန်မှာ အခြေခံကောင်းကောင်းနဲ့ စတင်နိုင်ဖို့ လမ်းစတစ်ခု ရရှိသွားစေမှာပါ ။
⏳ အခမဲ့အတန်းဖြစ်လို့ လူဦးရေ ကန့်သတ်ထားပါတယ်
အတန်းအပ်ချင်တဲ့ ဖေဖေမေမေတို့က Comment မှာ စာလေး ချန်ခဲ့ပေးပါနော် 🌟
အသေးစိတ်သိချင်တာလေးတွေကိုလည်း messenger ကနေတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။